24-Aug-2020
(1)Build a stronger employer brand
Organization culture ကောင်းကောင်းနဲ့သာ employer brand တစ်ခုကိုတည်ဆောက်ထားနိုင်မယ်ဆိုရင်
recuriting process ကို 75% လောက်အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်
(*ကျန်25% သည်လည်း ခုထပ်ကောင်းတဲ့ organization ကိုရှာဖို့ခတ်ခဲသွားမှာအမှန်ပါပဲ)
ဒါဆိုလူကြီးမင်းတို့ရဲ့ recruiting process အတွက် budget ဟာတော်တော်လေး
လျော့ချနိုင်လာမှာဖြစ်ပါတယ်။ ထိုမျှသာမက ကိုယ်လုပ်ငန်းမှာ အလုပ်ထွက်ချင်သူနည်းလာမယ်။
နှစ်ရှည်လုပ်တဲ့သူများလာတော့ လုပ်ငန်းအတွက် ကျွမ်းကျင်လုပ်သားလည်း များလာမှာဖြစ်ပါတယ်။
ဒါကြောင့် employer brand တစ်ခုကိုအကောင်းဆုံးတည်ဆောက်ကြပါလို့တိုက်တွန်းပါရစေ။
(2)Move as quickly & efficiectly
-Best candidate တွေက ဈေးကွက်ထဲမှာ ၁၀ ရက်ကနေ ရက်၂၀ အထိလောက်သာအလုပ်ရှာရတယ်
အချက်က
-သူတို့ကိုယ်တိုင်က အကောင်းဆုံး organization ကိုအမြဲရှာဖွေနေတက်တာကြောင့်ဖြစ်ပါတယ်။
-ဒါကြောင့်လူကောင်းရချင်ရင် ဝန်းထမ်းရှာတဲ့နေရာမှာ ပြီးပြည့်စုံတဲ့မြန်ဆန်မှုလိုအပ်ပါတယ်။
(3)Write a better job descriptions
-အကောင်းဆုံးအလုပ်သမားကို ရှာဖွေတဲ့နေရာမှာ ကိုယ့်ရဲ့ organization မှာတော့ဘာတွေလိုအပ်မယ် ဘာတွေလုပ်ရမယ်
ဘာတွေရှိလာမှ လာပါဆိုတာထက် ဒီအဖွဲ့အစည်းကမင်းတို့အတွက်ဘာတွေလုပ်ပေးနိုင်တယ်
မင်းတို့ရဲ့careerအတွက် ဘယ်လိုထောက်ပံ့ပေးနိုင်တယ်ဆိုတာမျိုးလောက်အထိထည့်သွင်းရေးသားသင့်ပါတယ်။
(4)Fit the personality to the job
*Skill can be required, but personalities can't. Great person with all kinds of skill may be a good fit
for one and poor fit for another, simply based on their personality type.
အထက်ပါစာအတိုင်းပဲပေါ့
-ကိုယ်ရွေးချယ်လိုက်တဲ့ candidates ဟာကိုယ့်ရဲ့ organization culture နဲ့
engagement ကောင်းကောင်းဖြစ်နိုင်မယ့် personalities ကောင်းသော candidates တွေကိုသာရွေးချယ်သင့်ပါတယ်။
(5)Embrace digital trends and social media
ယနေ့ခေတ်မှာ လူတိုင်းက နည်းပညာချိတ်ဆက်မှုမြင့်မားတဲ့နေရာတွေ၊ organization တွေမှာအလုပ်ကို ပိုလုပ်ချင်ကြပါတယ်။ ဒါကြောင့် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ကိုယ့် company ရဲ့ organization culture တွေ core values တွေ လုပ်ငန်းအမျိုးအစားတွေလုပ်ဆောင်ချက်တွေကို ဖော်ပြထားတဲ့ company profile တစ်ခုရှိနေသင့်ပါတယ် ။အလုပ်လျှောက်လွှာတင်တဲ့သူဟာလဲ company profile ကိုလေ့လာပြီးမှ
လျှောက်လွှာတင်တဲ့သူများလာနိုင်ပါတယ်။ ဒီလိုဆိုရင် ကိုယ်လုပ်ငန်းနဲ့အံဝင်ခွင်ကျဖြစ်တဲ့အလုပ်သမားကောင်းတွေကို ရွေးချယ်မူမှာ လွယ်ကူမြန်ဆန်လာနိုင်မှာဖြစ်ပါတယ်။
အကြောင်းရင်းကတော့
အလုပ်လျှောက်သူအားလုံးက organization ရဲ့အကြောင်းကိုသိပြီးမှလာတဲ့သူတွေပဲဖြစ်နေတော့ organization နဲ့ fit in ဖြစ်ဖို့က သေချာနေပြီလေ။
(6) Improve your interviews
အင်တာဗျူးမေးသူအများစုအလေးထားတက်တာကတော့ အလုပ်လျှောက်သူရဲ့ဆိုး
ကွက်တွေကိုပဲ အရင်ရှာတက်တာတွေပါပဲ။
ဒီလိုနဲ့တစ်ကယ်လိုအပ်တာတွေကိုမေးဖို့ကြတော့ အချိန်မလုံလောက်မှုတွေဖြစ်လာနိုင်ပါတယ်။ တစ်ကယ်တော့အလုပ်လာလျှောက်သူကိုလည်းမေးခွန်းမေးခွင့်
လေးတွေပေးသင့်ပါတယ်။ ဒါမှသာလျှင် သူတို့ရဲ့လိုအပ်ချက်ကိုလဲသိလာနိုင်တာပေါ့။ သူတို့အတွက်ကလည်း ဒီ company နဲ့အလုပ်ဆက်လုပ်ဖို့သင့်မသင့် ကိုတစ်ချိန်းတည်းဆုံးဖြတ်ခွင့်ရနိုင်ပါတယ်။